International Religious Freedom Summit သို့ ဒုဝန်ကြီးတက်ရောက်မိန့်ခွန်းပြော
ဇန်နဝါရီ – ၃၁
အာရှတခွင်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အမေရိကန်၌ ပြုလုပ်သော International Religious Freedom Summit သို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထားကာ ၎င်းလူနည်းစုဘာသာဝင်များ၏ ဘာသာရေးအဆောက်အဦများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ကာ ဘာသာရေးခေါင်းဆောင်များအား ပစ်ခတ်ဖမ်းဆီးခြင်းများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် ဆွေးနွေးခဲ့သည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ခရစ်ယာန်လူနည်းစုဘာသာဝင်များအပေါ် အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်ခံခြင်းခံရမှု အပေါ် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှု (Crime Against Humanity) အနေနဲ့သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လူနည်းစုဘာသာဝင်များအရေးကိစ္စနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ပြီး၊ ၎င်းတို့အတွက် တန်းတူညီတူအခွင့်အရေးရရှိစေရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးလည်း တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
Related Content


