ဒုတိယဝန်ကြီး ၊ဦးအောင်ကျော်မိုးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် အမေရိကန်ကိုယ်စားလှယ်ရုံးတွင် မြန်မာနွယ်ဖွားပြည်သူများ တွေ့ဆုံ

ဒုတိယဝန်ကြီး ၊ဦးအောင်ကျော်မိုးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် အမေရိကန်ကိုယ်စားလှယ်ရုံးတွင် မြန်မာနွယ်ဖွားပြည်သူများ တွေ့ဆုံ

ဇန်နဝါရီလ ၂၈ရက် ၂၀၂၄

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွား ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်အဖွဲ့နှင့်ဇန်နဝါရီလ၂၈ရက်(တနင်္ဂနွေနေ့)ဒေသစံတော်ချိန်ညနေ (၅နာရီမှ၇နာရီအချိန်)တွင် တွေ့ဆုံခဲ့ပြီး လူထုအနေဖြင့် သိရှိလိုသည်များမေးမြန်းခဲ့ရာ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး၍ ဖြေကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်ဇင်မာအောင် ၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦး ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးထင်လင်းအောင် ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး ၊ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ ပါဝင်ခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။