ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်Mr. Tom Andrews နှင့် NUG/CRPH Support Group Australia တာဝန်ရှိသူများတွေ့ဆုံ

ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်Mr. Tom Andrews နှင့် NUG/CRPH Support Group Australia တာဝန်ရှိသူများတွေ့ဆုံ

အောက်တိုဘာ ၁၀

ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့၌ သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က အကြမ်းဖက် စစ်အုပ်စုအား လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတစ်ချို့ကိုတားဆီးလျော့ချနိုင်ခဲ့ပြီး၊ ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံအနေဖြင့် စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀%ခန့်ထိ လျော့ချနိုင်ခဲ့ပါကြောင်း၊လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်မှ အဓိကတင်ပို့ရောင်းချနေသဖြင့် ဗီယက်နမ်အနေဖြင့် ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ဩစတေးလျအစိုးရကိုလည်း အကြမ်းဖက်စစ်အုပ်စုအား ပိတ်ဆို့အရေးယူရန် တိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ တချိန်တည်းမှာပင် သြစတေးလျနိုင်ငံအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုအား Universal Jurisdiction မှတဆင့်အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီပေးရာတွင်လည်းအမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းများထံ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှသာ အမှန်တကယ်လိုအပ်သည့်နေရာများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာအစိုးရများအနေဖြင့် ကန့်ကွက်ရန် လုပ်ဆောင်ရန်လိုပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီတင်ပို့နေသည့် ကုမ္ပဏီ အဖွဲ့အစည်းများအား အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးအပေါ် တရုတ်အစိုးရ၏ စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံ၏အချုပ်အခြာအာဏာကို အခြားနိုင်ငံမှ စွက်ဖက်နေခြင်းကို ကန့်ကွက်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေးလျော့ချမှုများ ပြုလုပ်လာနိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်း တိုက်တွန်းနိုင်ခဲ့ကြောင်း စသည့် ဆောင်ရွက်ခဲ့မှုနှင့် တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။