၃၆ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား
အဆိုပါ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နှင့် အခြားသော တာဝန်ရှိပုဂ္ဂိလ်များ တက်ရောက် အမှာစကား ပြောကြားခဲ့ကြပါသည်။
အခမ်းအနားတွင် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း၊ ယခု လူ့အခွင့်အရေး ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ရှစ်လေးလုံး အရေးတော်ပုံမှသည် ယနေ့ အချိန်ထိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များကို အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် နှိမ်နှင်း တားဆီးခဲ့သော်လည်း မည်သို့မျှ တားဆီး၍ မရခဲ့ပါကြောင်း၊ တော်လှန်ရေး၏ သင်္ကေတဖြစ်သော ခွပ်ဒေါင်းအလံကို ရောက်တဲ့နေရာမှာ လွှင့်တင်ခဲ့ ကြပါကြောင်း၊ ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လိုသည့် ပြည်သူထု၏ စိတ်ဓာတ်များသည် ယခု နွေဦးတော်လှန်ရေးမှာ ပိုမိုအားကောင်း ရှင်သန်လာတာကို တွေ့မြင်ရပါ ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ် အကြမ်းဖက် မှုများ၊ နိုင်ငံတကာ ရာဇဝတ်မှုများကို စနစ်တကျ ကျူးလွန်တယ်ဆိုတာကို အချိန်နှင့်တပြေးညီ နိုင်ငံတကာကသိအောင် ချပြနိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး ပြည်သူလူထု အားလုံး လိုလားသည့် အိပ်မက်၊ မျှော်မှန်းချက်၊ မျှော်လင့်ချက်များ ရရှိသည်အထိ လက်တွဲ ပါဝင်ပြီး လုပ်ဆောင်သွားရန် တိုက်တွန်းပါကြောင်း၊ ရှစ်လေးလုံးကစခဲ့သည့် ဒီမိုကရေစီ အင်အားစုများ၏ လှုပ်ရှားမှုများကို နွေဦးတော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပြီး တိုက်ပွဲဝင် သွားမည် ဖြစ်ပါကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ ပေးပို့လာသော အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများကို ဖတ်ကြား ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။ အပြည့်အစုံကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Related Content


