လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန် လူထုတွေ့ဆုံပွဲ (မဲလ်ဘန်းမြို့) သို့တက်ရောက်
အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူထုတွေ့ဆုံပွဲ (မဲလ်ဘန်းမြို့) ကို ဇွန်လ ၂၈ ရက် (သောကြာနေ့)တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန် လည်းပါဝင်တက်ရောက်ခဲ့ကာကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် တက်ရောက်လာသော တိုင်းရင်းသားပြည်သူများက နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား မေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့က ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။ ထိုလူထုတွေ့ဆုံပွဲအခမ်းအနားတွင် တိုင်းရင်းသားအက အလှများ၊ တော်လှန်ရေးသီချင်းများ ဖြင့်ဖျော်ဖြေခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့သည်။
Related Content


