အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေး နှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေး နှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနတို့ ပူးပေါင်း၍ တပ်ရင်း ၅၁၀၁ မှရဲဘော်များ၊ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေသော တပ်သားအသစ်များကို လူ့အခွင့်အရေး (Human Rights) အခြေခံနှင့် စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) သင်တန်းကို ပေးအပ်ခဲ့သည်။

သင်တန်းကို ၃ ရက်ကြာ Hybrid ပုံစံဖြင့် မြေပြင်နှင့် အွန်လိုင်း ပေါင်းစပ်သင်ကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ International Humanitarian Laws/Geneva Convention နှင့် သက်ဆိုင်သည်များကို အခြေခံသဘောတရားများ သင်ကြားပို့ချပေးခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။