ပြည်ထောင်စုဝန်ကြီး တိုရန်တိုတက္ကသိုလ် ဒုတိယဥက္ကဌ နှင့်တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၂၀၂၄ခုနှစ် မေလ (၂၂) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto )၏ ဒုတိယ ဥက္ကဌ (နိုင်ငံတကာရေးရာ) ဖြစ်သူ Mr.Joseph Wongနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်တိုရန်တိုတက္ကသိုလ်မှ မြန်မာ ကျောင်းသားများဆက်လက်ပညာသင်ကြားရေးနှင့်စပ်လျဉ်း၍ ကူညီနိုင်မည့် နည်းလမ်းများအပြင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
Related Content


