ပြည်ထောင်စုဝန်ကြီး မြန်မာ့အရေးဆောင်ရွက်နေသည့် ကနေဒါရှိ သုတေသနအဖွဲ့အစည်းနှင့် တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သည် Myanmar Policy and Community Knowledge Hub (MyPack) နှင့် ၂၀၂၄ခုနှစ် မေလ (၂၁) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ တိုရန်တိုတက္ကသိုလ် (University of Toronto )၊ Munk School of Global Affairs and Public Policy တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် MyPack မှ သုတေသီများက ၎င်းတို့အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းစဉ်များနှင့် ကနေဒါနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ ဖြစ်ထွန်းတိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ နောက် ဝန်ကြီးဌာနနှင့် MyPack အကြား စဉ်ဆက်မပြတ်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအပေါ် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
Related Content


