လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Wellington ရှိမြန်မာလူထုနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် မေလ (၇) ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၊Wellington မြို့ရှိ မြန်မာပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ Wellington မြို့ရှိတိုင်းရင်းသားအင်အားစုများ ပါဝင်တက်ရောက်ခဲ့သည်။
Related Content


