(၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်

(၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်

၂၀၂၄ ဧပြီ ၇ရက်
 
၂၀၂၄ ခုနှစ် ၊ ဧပြီ ၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ၊ အိုင်အိုဝါပြည်နယ်၌ကျင်းပသော (၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
 
အခမ်းအနားတွင် အမေရိကန်ရောက် မြန်မာပြည်ဖွား ကယန်းတိုင်းရင်းသား/တိုင်းရင်းသူလေးများမှ ရိုးရာယဉ်ကျေးမှု အက အလှများဖြင့်ဖျော်ဖြေခဲ့သည်။
 
အခမ်းအနားသို့ ဒုတိယဝန်ကြီး အတူ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကရင်နီ အတိုင်ပင်ခံကောင်စီ ဒုဥက္ကဌ ဒေါ် အဲဗီလင်း နှင့် အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်းရင်းသား ပြည်သူများတက်ရောက်ခဲ့ကြပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။