ပြည်ထောင်စုဝန်ကြီးနှင့် ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ပညာရေးဝန် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ပညာရေးဝန်ဖြစ်သူ၊ ဂျိုဟီယောင်းန်နှင့် ၃၁.၁.၂၀၂၄ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးသမိုင်းနှင့်ပတ်သက်၍ ကိုးရီးယားနိုင်ငံကျောင်းများတွင် သင်ကြားမည့် အကြောင်းအား သိရှိရ၍ များစွာ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ကိုးရီးယားနှင့်မြန်မာနိုင်ငံကြား ယဉ်ကျေးမှု၊နိုင်ငံရေးဖလှယ်၍ သင်ကြားဆောင်ရွက်မည့်အစီစဉ်များ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သော ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအတွက် ဖြစ်နိုင်ချေရှိသော ပညာရေး အစီအစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုးရီးယားနိုင်ငံ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြောင်းသိရှိရသည်။
Related Content


