ကုလသမဂ္ဂဆိုင်ရာ OIC သံအမတ်ကြီး နှင့် ဒုဝန်ကြီးတွေ့ဆုံ

ကုလသမဂ္ဂဆိုင်ရာ OIC သံအမတ်ကြီး နှင့် ဒုဝန်ကြီးတွေ့ဆုံ

ဒီဇင်ဘာ – ၁၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုးသည် ကုလသမဂ္ဂဆိုင်ရာ OICသံအမတ်ကြီး(Ambassador Hameed Opeloyeru, Permanent Observer of the OIC) နှင့် တွေ့ဆုံခဲ့ရာ ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး၊ OIC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပေးကြရန်၊ OIC နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲလုပ်ဆောင်ပေးကြရန်၊ ရိုဟင်ဂျာပြည်သူများ ဂုဏ်သိက္ခာရှိရှိနေရပ်ပြန်နိုင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုဟင်ဂျာရေးရာမူဝါဒ အကြောင်းအပါအဝင် ၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းရေး လုပ်ငန်းစဉများနှင့် ပတ်သက်၍ဆွေးနွေးခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။