ကနေဒါရောက်မြန်မာပြည်သူများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

ကနေဒါရောက်မြန်မာပြည်သူများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံ

နိုဝင်ဘာ (၅) ရက်နေ့က ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြိုတွင် ကနေဒါရောက်မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို တွေ့ဆုံခဲ့ကြသည်။

ထိုသိုတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနွေဦးတော်လှန်ရေးတာဝန်ကို နေရာအသီးသီးမှ ထမ်းဆောင်နေကြတဲ့ အင်အားစုများ စုံစုံလင်လင်တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနွေဦးတော်လှန်ရေး အောင်မြင်သည်အထိ တက်နိုင်သည့်ဘက်မှ ဆက်လက်ပါဝင်သွားကြဖိုတိုက်တွန်းလိုကြောင်း၊ မိမိအနေဖြင့် နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ပါဝင်သွားမည်ဟု ကတိသစ္စာပြုပါကြောင်း အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ဆောင်နိုင်မှုများ၊ NUG နှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် Canadian British Columbia မှ သစ်တောဆိုင်ရာဝန်ကြီး Bruce Ralston က တက်ရောက်ပြီး ကနေဒါအစိုးရအနေဖြင့်သာမက ၎င်းအနေဖြင့်ပါ ဒီမိုကရေစီလှုပ်ရှားမှုကို ဆက်လက်အားပေး ထောက်ခံသွားမည့်အကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဖွားပြည်သူများမှ သိရှိလိုသော မေးခွန်းများကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။