Human rights and People’s Diplomacy training program for Human Rights ၏ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် ၍ အဖွင့်အမှာစကားပြောကြား
တီမောနိုင်ငံတွင်ကျင်းပသော ၃၁ ကြိမ်မြောက် Human rights and People’s Diplomacy training program for Human Rights ၏ သင်တန်းဖွင့်ပွဲသို့ ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်း တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါမိန့်ခွန်းတွင် ၁၉၈၈ ခုနှစ်ကာလမှသည် မျက်မှောက် နွေဦးကာလအထိ အကြမ်းဖက်စစ်တပ်၏ မြန်မာလူထုအပေါ် ဖိနှိပ်ရက်စက်မှုသမိုင်းကြောင်းများရှိသော်လည်း ပြည်သူတို့က အာဏာရှင်အဆက်ဆက်ကို နည်းလမ်းမျိုးစုံနှင့်တွန်းလှန်နေမှုများကို ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ယခုသင်တန်းသို့တက်ရောက်လာသော အာရှ ပိစိဖိတ်ဒေသနှင့် သြစတြေးလျမှဌာနေလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေဖြင့် လေ့လာသင်ယူရသည့် အသိပညာအတတ်ပညာအသစ်များကို ပြည်သူများထံ ပြန်လည်မျှဝေပေးပြီး လူမှုပတ်ဝန်းကျင် တိုးတက်အောင်လုပ်ဆောင်ပေးသည့်တာဝန်ကျေပြွန်ကြရန် တိုက်တွန်းသွားခဲ့ပါသည်။
သင်တန်းကျင်းပနေသည့် တီမောနိုင်ငံ၏ ပြည်သူများနှင့် ခေါင်းဆောင်များသည် စွန့်လွှတ်ခြင်းနှင့် ရုန်းကန်ခြင်းတို့၏ အနက်အဓိပ္ပာယ်ကို ကောင်းစွာသိရှိကြသူများဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုခဲ့သည်။ ထို့အပြင် တီမောပြည်သူတို့သည် ဖိနှိပ်မှုနှင့် ကိုလိုနီစနစ်၏ အမှောင်ထုတွင် ဖြတ်သန်းခဲ့ကြပြီး လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အရာအားလုံးပေးဆပ်တိုက်ပွဲဝင်ခဲ့သည်ကို တကမ္ဘာလုံးမြင်တွေ့ခဲ့ကြကြောင်း၊ ယခုလို လွတ်လပ်ပြီး တက်ကြွသောဒီမိုကရေစီနိုင်ငံဖြစ်သည့် တီမောနိုင်ငံတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် သင်တန်းကျင်းပနိုင်ခြင်းသည် အထူးသင့်လျော် မှန်ကန်လှကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
Related Content


