ရိုဟင်ဂျာလူမျိုးစုများနှင့် မြန်မာ Muslim Community အားတွေ့ဆုံသည့် လူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်
အမေရိကန် နိုင်ငံ၊ Texas ပြည်နယ်၊ Houston မြို့တွင် ၂၃.၇.၂၀၂၃ ခုနှစ်(ဒေသစံတော်ချိန်)၌ ကျင်းပသော ရိုဟင်ဂျာလူမျိုးစုများနှင့် မြန်မာ Muslim Community အားတွေ့ဆုံသည့် လူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုဒုတိယဝန်ကြီး ၊ဦးအောင်ကျော်မိုးတက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုဟင်ဂျာမူဝါအကြောင်း၊ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ ဖျက်သိမ်းရေးပြင်ဆင်မှု၊ တရားမျှဖေါ်ဆောင်ရေးလုပ်ငန်းအပေါ် NUG ရဲ့ ရပ်တည်ချက်နှင့်ဆောင်ရွက်နေမှုများအကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်အခြေအနေများအား ရှင်းလင်းပြောကြားပြီး ရင်းနှီးပွင့်လွင်းစွာဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် နွေဦးတော်လှန်ရေးတွင် ရိုဟင်ဂျာများ၊ လူနည်းစုမြန်မာမူဆလင်များ၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်အင်တိုက်အားတိုက်ပါဝင်မှသာ မိမိတို့လိုချင်တဲ့ စစ်မှန်ပြည့်ဝတဲ့ လူ့အခွင့်အရေးကိုအခြေတည်သော ဒီမိုကရေစီစနစိကို ရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
Related Content


