EU Parliament မှတာဝန်ရှိသူများ နှင့်ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန် ဒုတိယဥက္ကဌ Ms.Heidi Hautala ၏ ရုံးအဖွဲဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် Mr.Vincze Lora’nt အပါအဝင် ပါလီမန်အမတ်များနှင့် ၂၅.၉.၂၀၂၃ ရက်နေ့(ဒေသစံတော်ချိန်)တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့နွလူ့အခွင်အရေးအခြေအနေများနှင့် အစိုးရ၏ လုပ်ဆောင်နေမှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် အကြမ်းဖက်စစ်အုပ်စု၏ ယိုယွင်းလာသော နိုင်ငံရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေး၊ ဘဏ္ဍာရေးအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အကြမ်းဖက်စစ်အုပ်စုအပေါ် လေယာဉ်ဆီပိတ်ဆိုမှုများ ယခုထက်ပိုမိုလုပ်ဆောင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူညီများကိုနယ်စပ်ဖြတ်ကျော်ပေးအပ်နိုင်ရန်အတွက် နည်းလမ်းရှာ လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။
Related Content


