အရပ်ဖက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမြှင့်တင်ရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆက်စပ်အစည်းအဝေးကို ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်

အရပ်ဖက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမြှင့်တင်ရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆက်စပ်အစည်းအဝေးကို ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်

၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကျင်းပနေစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
 
အဆိုပါတွေ့ဆုံမှုများတွင် ၂၂.၉.၂၀၂၃ (ဒေသစံတော်ချိန်)တွင် The Elders ၏ ဥက္ကဋ္ဌ နှင့် အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison ဦးဆောင်သော The Elders ၏ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံကာ မြန်မာ့အရေး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့မှုလည်းပါဝင်ပါသည်။
 
ထို့ပြင် IOC၊ IDB၊ UNDP တို့ ပူးတွဲပြုလုပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးကုလသမဂ္ဂ အထွေထွေညီလာခံဆက်စပ်အစည်းအဝေးကို၂၂.၉.၂၀၂၃ရက်နေ့ (ဒေသစံတော်ချိန်)တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်ခဲ့ပြီး ကုလသမဂ္ဂလက်ထောက်အတွင်းရေးချုပ်၊ နှင့် အိုင်ဒီဘီဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရိုဟင်ဂျာအရေးအပါအဝင် မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးနိုင်ရေးလိုအပ်ချက်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ဆောင်ရွက်လျက်ရှိသည်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။