၂၇ ကြိမ်မြောက် Forum 2000 Conference သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်
ချက်နိုင်ငံ၊ပရာ့ဂ်မြို့တွင် “For a Democratic World Order “ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်နေသော (၂၇)ကြိမ်မြောက် Forum 2000 Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်လျက်ရှိပါသည်။
ညီလာခံအစီအစဥ်အတွင်း “Myanmar’s Overlooked Struggle” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲအား ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့်အတူတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များကလည်း ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် Forum သို့ တက်ရောက်လာသော အစိုးရ ကိုယ်စားလှယ်များနှင့်လည်း သီးသန့်တွေ့ဆုံမှုများ လုပ်ဆောင်လျက်ရှိပါသည်။
Related Content


