ကနေဒါနိုင်ငံ ၏ 26th Governor General of Canada နှင့် NUG ကိုယ်စားလှယ်များတွေ့ဆုံ
၂၀၂၃၊ နိုဝင်ဘာ ၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတရုံးအကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောတို့သည် နိုဝင်ဘာ ၂ ရက်နေ့တွင် ကနေဒါနိုင်ငံ၏ 26th Governor General of Canada နှင့် The Right Honourable Adrienne Clarkson၊ PEN International ၏ နိုင်ငံတကာ ဥက္ကဌ John Ralston Saul တို့နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကနေဒါနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ပံ့ပိုးပေးနိုင်ရန်၊ ရိုဟင်ဂျာများနေရပ် ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ ကနေဒါရောက် ရိုဟင်ဂျာများ၏အရေး၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်များနှင့် ရိုဟင်ဂျာများအတွက်တရားမျှတမှုလုပ်ငန်းစဉ် အကြောင်း အရာများကို ဆွေးနွေးခဲ့ပါသည်။
PEN International ၏ နိုင်ငံတကာ ဥက္ကဌ John Ralston Saulသည် နိုင်ငံသားအသစ်များပါ၀င်မှုကို မြှင့်တင်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကနေဒါနိုင်ငံသားဖြစ်မှုဆိုင်ရာ အင်စတီကျု၏ ပူးတွဲတည်ထောင်သူ၊ ပူးတွဲဥက္ကဋ္ဌဖြစ်သည်။
Related Content


