အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ

နိုဝင်ဘာလ ၂ ရက် ၊ ၂၀၂၃ ခုနှစ် ။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်ပြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ အကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါ ဆီးနိတ်အမတ်များဖြစ်သည့် Senator Marilou McPhedran၊ Senator Kim Pate တို့နှင့် ဆီးနိတ်လွှတ်တော်တွင် တွေ့ဆုံခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံမှုတွင် အကြမ်းဖက်စစ်အုပ်စု၏အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအခြေအနေများ၊ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ကူညီနိုင်ရေး၊ ရိုဟင်ဂျာအရေးနှင့် လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။