ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၏ အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ လေဘာပါတီ၏ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူတို့နှင့် တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၁၆ ရက် မွန်းလွဲပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ လွှတ်တော်အဆောက်ဦတွင် အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များနှင့်အတူ လေဘာပါတီ၏ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် နယူးဇီလန် လေဘာပါတီ နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူနှင့် သီးသန့် ထပ်မံတွေ့ဆုံကာ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဝန်ကြီးသည့် ဝယ်လင်တန်မြို့ရှိ ဗစ်တိုးရီးယားတက္ကသိုလ်သို့ သွားရောက်ရာ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များဆည်းပူးနေကြသည့် ကျောင်းသား/သူများကို ဟောပြောပို့ချမှုတခု ပြုလုပ်ပေးခဲ့ပါသည်။
Related Content


