ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၏ ထင်ရှားသည့် မီဒီယာများနှင့် တွေဆုံပြီး အင်တာဗျူးများကို လက်ခံဖြေကြား

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၏ ထင်ရှားသည့် မီဒီယာများနှင့် တွေဆုံပြီး အင်တာဗျူးများကို လက်ခံဖြေကြား

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ယနေ့ ၁၇-၅-၂၀၂၃ နံနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ လွှတ်တော်အဆောက်ဦအတွင်း နယူးဇီလန်၏ ထင်ရှားသည့် မီဒီယာများဖြစ်သည့် The New Zealand Herald, Stuff, Newsroom တို့မှ သတင်းထောက်များအား၏ အင်တာဗျူးများကို လက်ခံဖြေကြားပေးခဲ့ပါသည်။

ထို့နောက် ပါလီမန်အတွင်း နယူးဇီလန်ရှိ နိုင်ငံရေးပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် Cross-party meeting ပြုလုပ်ခဲ့ပါသည်။ ဤအစည်းအဝေးသို့ National Party မှ Simon O\’Connor MP, Labour Party မှ Vanushi Walters MP, Rachel Boyack MP, Ibrahim Omer MP, Arena Williams MP နှင့် Greens Party မှ Golriz Ghahraman MP တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ညနေပိုင်းတွင် နယူးဇီလန်အစိုးရ အကြီးတန်းဝန်ကြီးတဦး စီစဉ်သည့် မိတ်ဆက်ညစာစားပွဲတခုကို တက်ရောက်မည် ဖြစ်ပါသည်။

\"nz006\"
\"nz005\"

Previous image
Next image


Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။