မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သော ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် “၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း” သို့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သော ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် “၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း" သို့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

နိုဝင်ဘာ ၂၇
 
မွန်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ရန် ရည်ရွယ်၍ Mon Society Australia မှ ကြီးမှူးစီစဉ်သော နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် CRPH/NUG Support Group – Victoria နဲ့ Victorian Myanmar Youth (VMY) မှ ကြီးမှူးစီစဉ်သော “အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံး စုစည်းလုပ်ဆောင်စို့” ဟူသော “၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း” အစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။
 
အဆိုပါ ရန်ပုံငွေပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်၍ အားပေးအမှာစကားပြောကြားခဲ့ပြီး “အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံးစုစည်းလုပ်ဆောင်စို့” ၁၆ ရက်တာ လှုပ်ရှားမှု ကမ်ပိန်းတွင် ပါဝင်ကြရန်လည်း နှိုးဆော်တိုက်တွန်းခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။