CRPH ၊ NUCC ၊ NUG တို့အား သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေး

ဆစ်ဒနီမြို့၌ ကျင်းပပြုလုပ်သည့် ရန်ပုံငွေဈေးရောင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ကျေးဇူးတင်အမှာစကားပြောကြား

နိုဝင်ဘာ ၂၆

မွန်ပြည်နယ်၊ ရေးခရိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် တို့တွင် နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုအကူညီများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရန်ပုံငွေဈေးရောင်းပွဲကြီးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ (စနေနေ့) တွင် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ဒေသစံတော်ချိန် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရန်ပုံငွေဈေးရောင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ကျေးဇူးတင်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီးက တော်လှန်ရေးနှင့် မြန်မာပြည်သူပြည်သားများအတွက် စဉ်ဆက်မပြတ်ကြိုး ပမ်းနေကြသူများ၊ ၈၈ တော်လှန်ရေးမျိုးဆက် ညီအကိုမောင်နှမများကို တစုတစည်းတည်း တွေ့ခွင့်ရ သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ မြန်မာပြည်အနေဖြင့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကြုံတွေ့ခံစားနေရသော်လည်း ယခုအထိ အရှုံးမပေး ရင်ဆိုင်တိုက်ခိုက် လျက်ရှိသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိများက ဂုဏ်ယူလေးစားဖွယ် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လမ်းစဉ် ၆ ခု ကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပရောက် မြန်မာပြည်သူပြည်သားများ၏ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးပါကြောင်း၊ တော်လှန်ရေး ဆိုသည်မှာ နည်းလမ်းတစ်ခုတည်း ရှိသည်မဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပါဝင်နိုင်သဖြင့် ပြည်ပရောက် မြန်မာ ပြည်သူပြည်သားများအနေဖြင့် ထောက်ပို့တာဝန်ယူပေးနေသည်မှာလည်း တော်လှန်ရေး ဖြစ်ကြောင်း၊ မည်သည့်နေရာဒေသတွင် ရောက်ရှိနေသည်ဖြစ်စေ တော်လှန်ရေး နှလုံးသားနှင့် တော်လှန်ရေးစိတ်ဓါတ်ကို စွဲကိုင်ထားသရွေ့ တော်လှန်ရေးသမားပင်ဖြစ်ကြောင်း၊ အချင်းချင်း လက်ညှိုးထိုး တိုက်ခိုက်မနေဘဲ မိမိရောက်သည့်နေရာတွင် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံး မြှင့်တင်ထားသင့်ကြောင်း၊ ဩစတေးလျ နိုင်ငံ အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများ၊ အသိအမှတ်ပြုမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများကို အကာအကွယ်ပေးမှုများနှင့်ပတ်သက်၍ ယခုထက်ပို၍ ပိုမိုလုပ်ဆောင်လာရန်နှင့် နိုင်ငံရေးအရ ဆောင်ရွက်မှုများကိုလည်း ပိုမိုလှုပ်ရှားလာစေရန် ဆန္ဒပြုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။