အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သေ အထောက်ထားတွေနဲ့တကွ အများပြည်သူသို့ ချပြနိုင်ရန်အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ဌာန၏ ဆိုရှယ်မီဒီယာများကို မိတ်ဆက်

 

၁၉ ရက် ဩဂုတ်လ ၂၀၂၂

ခေတ်အဆက်ဆက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုအားလုံးဟာ သူတို့ကျူးလွန်တဲ့လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ၊လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ ကို ပြည်သူလူထုမသိရှိအောင် နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တားမြစ်ခဲ့ပြီး စစ်ကောင်စီက ကျုးလွန်တဲ့ သက်သေအထောက်အထားတွေကိုပါ လူထုမသိရှိအောင် ထိန်းချုပ်ထားခဲ့ကြပါတယ်။

ဒါကြောင့် ပြည်သူလူထုသိသင့်သိထိုက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အသိပညာတွေနဲ့ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ခေတ်အဆက်ဆက်မှာ ကျုးလွန်ခဲ့တဲ့ သက်သေအထောက်အထားတွေကို မှန်မှန်ကန်ကန် သိရှိနိုင်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့ မှုရှိနေတဲ့ Social Platform တွေကတဆင့် သတင်းအချက်အလက်နဲ့ လူ့အခွင့်အရေး အသိပညာတွေ ဖြန့်ဝေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ နည်းပညာရဲ့ ကောင်းကျိုးကို ကိုယ်တိုင်ကောင်းမွန်စွာ အသုံးချနိုင်ပြီး မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ပိုမိုရယူနိုင်စေဖို့ သတင်း အချက်အလက်မှန်များ၊ အသိပညာအမှန်များ တင်ပြနေတဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့

Official Youtube ,Official Twitter Account, Official Website စတာတွေကို ဖော်ပြလိုက်ရပါတယ်။ Follow and subscribe များလုပ်ဆောင်ထားဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

🔹Official Youtue – https://youtube.com/channel/UC4HNpHid…

🔹Official Twitter- https://twitter.com/mohr_nug?t=_A3X90… (or) @mohr_nug

🔹Official Website- http://mohr.nugmyanmar.org/

🔹Official Facebook- https://www.facebook.com/mohrmyanmar/

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။