အမေရိကန်နိုင်ငံ၌ တော်လှန်ဒေပါဝလီပွဲတော်ပြုလုပ်
အောက်တိုဘာ ၂၈ ရက်
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အမ်မာရီလိုမြို့တွင် မြန်မာ ဟိဒ္ဒူ အဖွဲ့အစည်းမှ ကျင်းပသည့် တော်လှန် ဒေပါဝလီဆုတောင်းပွဲကို အောက်တိုဘာ ၂၆ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တော်လှန်ဒေပါဝလီ ဆုတောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ကာ ဆုတောင်းအမှာစကားပြောကြားပြီး လက်ရှိမြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍လှုပ်ရှားမှုများ၊ နိုင်ငံတာနှင့် ပတ်သက်၍လုပ်ဆောင်နေမှုများ၊ လူ့အခွင့်အရေးအခြေအနေများကို ပြည်သူလူထုထံအသိပေးပြောကြားခဲ့သည်။
Related Content


