“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်း” ရုပ်ရှင်ပြပွဲ ပြုလုပ်

“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်း” ရုပ်ရှင်ပြပွဲ ပြုလုပ်

သြဂုတ် – ၂၅

နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monarchs University တွင် “သတ္တိနဲ့ပွင့်လန်း ချစ်သောပန်း” ရုပ်ရှင်ပြပွဲ ကို သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါရန်ပုံငွေရုပ်ရှင်ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က အဖွင့်အမှာစကား၌ “CDMer များသည် တော်လှန်ရေးအစမှ ယခုချိန်ထိ ဆက်လက်ပါဝင်နေသည်မှာ လေးစားစရာကောင်းပါကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကြသည့်အတွက် ပြည်သူချစ်သောအနုပညာရှင်များဖြစ်သလို ပြည်သူလူထုက လေးစားရတဲ့ အနုပညာရှင်များဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက လက်ရှိတော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း အမြင်ပြောင်းလဲလာကာ tipping point တခု ရောက်နေပြီဆိုတဲ့ မှတ်ချက်မျိုး ဆွေးနွေးသုံးသပ်ကြတာတွေ့ရမှာဖြစ်တဲ့အတွက် ဒီလိုအနေအထားမျိုးရောက်ရှိလာခြင်းသည် အကြမ်းဖက် စစ်အုပ်စု၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်မှကျဆုံးနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ယခုတော်လှန်ရေးသည် ပြည်သူအားလုံးအတူတကွအနိုင်ယူရမည့်ပွဲဖြစ်တာကြောင့် ဆက်လက်ပြီး အင်တိုက်အားတိုက်ပါဝင်ပေးကြပါရန်၊ တိုင်းရင်းသားတွေအမြဲတမ်းတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်အဝရရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ ကျွန်တော်တို့အားလုံးအဆုံးသတ်အောင်ပွဲနှင့်အတူ ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်းလိုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။