လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၊ Nelson ရှိမြန်မာလူထုနှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၊ Nelson ရှိမြန်မာလူထုနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် မေလ (၁၁)ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၊ Nelson မြို့ရှိ မြန်မာပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နယူးဇီလန်နိုင်ငံရှိ မြန်မာပြည်သူပြည်သားများ လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍများကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲသို့ Nelson မြို့ရှိတိုင်းရင်းသားအင်အားစုများ ပါဝင်တက်ရောက်ခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။