ပြည်ထောင်စုဝန်ကြီး CEEasia Forumသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး CEEasia Forumသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် စလိုဗက်ကီးယားနိုင်ငံ (Slovakia) Bratislava မြို့တွင် ကျင်းပပြုလုပ်နေသည့် CEEasia Forum ၏ ဥရောပအာဆီယံဆက်ဆံရေးပေါ်လစီအစည်းအဝေး ကဏ္ဍ သို့ ဖိတ်ကြားမှုဖြင့် တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂအနေဖြင့် ချမှတ်ထားသော မူဝါဒများအား အကောင်းဆုံးပုံစံဖြင့် ချဉ်းကပ်သင့်ကြောင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ(၂)ဦးလည်း ပါဝင်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲနှင့်တဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးသည် စလိုဗက်ကီးယားနိုင်ငံ ၏ အစိုးရတာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့်လည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။