ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ မြန်မာပြည်အရေးနှင့်စပ်လျဉ်း၍ အာဆီယံအား ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်

ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ မြန်မာပြည်အရေးနှင့်စပ်လျဉ်း၍ အာဆီယံအား ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်

မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ဆန္ဒထုတ်ဖော်တောင်းဆိုသည့်ပွဲအား မတ်လ (၄) ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုဆန္ဒထုတ်ဖော်ပွဲကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး၊ ခွန်းဗဟန်းထန် သည် ပြည်ထောင်စုဖွားတိုင်းရင်းသားအင်အားစုများနှင့် အတူ တက်ရောက်ခဲ့ပြီး အာဆီယံအား အချက် (၃) ချက်ပါ တောင်းဆိုချက်အား အတိအလင်းထုတ်ဖော်ပြောဆိုတိုက်တွန်းမှုပြုလုပ်ခဲ့သည်။

အဆိုပါ အချက်(၃)ချက်တွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တရားဝင်ဆက်သွယ် ဆွေးနွေးမှုများပြုလုပ်ရန်၊ အကြမ်းဖက်စစ်တပ်ကိုစီးဆင်းနေသည့် လေယာဉ်ဆီအပါအဝင် လက်နက်၊ခဲယမ်းနှင့်ငွေကြေးစီးဆင်းမှုများအား ပိတ်ပင်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ပြီး မြန်မာပြည်သူလူထု လိုအပ်လျက်ရှိနေသည့် လူသားချင်းစာနာထောက်ထားရေးအကူညီများပေးအပ်ရန် စသည့် အချက်များပါဝင်သည်။

အဆိုပါ စုပေါင်းဆန္ဒထုတ်ဖော်ပွဲတွင် ဩစတြေးလျနိုင်ငံ NUG ရုံး ကိုယ်စားလှယ်၊ ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျနိုင်ငံရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သည့် ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ကချင်၊ မွန် တိုင်းရင်းသားအင်အားစုများအပြင် CRPH/NUG support group Australia ၏ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။

ထို့ပြင် ဩစတြေးလျနိုင်ငံ၊ဗစ်တိုးရီးယားပြည်နယ်ဆိုင်ရာ ကမ္ဘောဒီးယားပါလီမန်အမတ်နှင့် ကမ္ဘောဒီးယားနိုင်ငံသားများလည်းပူးပေါင်းပါဝင်အားဖြည့်ခဲ့ကြောင်းသိရှိရသည်။တော်လှန်ရေး (၃) နှစ်တာ ကာလအတွင်း ပထမဆုံး အနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား ဩစတြေးလျရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားအင်အားစုများ စုပေါင်း ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။