တောင်ကိုရီးယားနိုင်ငံရောက် နွေဦးအင်အားစုများနှင့် တွေ့ဆုံ

တောင်ကိုရီးယားနိုင်ငံရောက် နွေဦးအင်အားစုများနှင့် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် နွေဦးအင်အားစုများ တွေ့ဆုံပွဲကို ဘူဆန်မြို့တွင် ၂၀၂၄ ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ဘူဆန်၊ ဂင်မဲ၊ ဒယ်ဂူးနှင့် အခြားမြို့များမှ တော်လှန်ရေးအင်အားစုများ တက်ရောက်ပြီး နွေဦးတော်လှန်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခဲ့ရာ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးဖြေကြားခဲ့ပါသည်။ထို့ပြင် ဘူဆန်ဘူတာရှေ့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲသို့ ဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။