မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများ၏ ပထမဦးဆုံးအကြိမ် စုပေါင်းပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် စုပေါင်းရံပုံငွေစျေးရောင်းပွဲသို့ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်တက်ရောက်
နိုဝင်ဘာလ(၂၅) ရက် ၊ ၂၀၂၃ ခုနှစ်
Queensland ပြည်နယ် Brisbane မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများ၏ ပထမဦးဆုံးအကြိမ် စုပေါင်းပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် စုပေါင်းရံပုံငွေစျေးရောင်းပွဲအခမ်းအနားသို့ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အဖွင့်အမှာစကားတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း ကောက်ယူနေမှုအခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီ၏ ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အရေးယူနိုင်ရေးကိစ္စရပ်များအား နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ တော်လှန်ရေးကာလ (၃)နှစ်တာ ကာလအတွင်း အရှိန် အဟုန်မပြတ်တိုးတက်မှုများ အောင်မြင်မှုများရရှိလာခြင်းသည် မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံး၏ စုပေါင်းပံ့ပိုးအင်အားကြောင့်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါစျေးရောင်းပွဲမှရရှိသော ရံပုံငွေအားလုံးကိုမြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအပါအဝင် လိုအပ်သောနေရာများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရှိရသည်။
Related Content


