အမေရိကန်၌ကျင်းပသော ဒီပါဝလီပွဲတော်သို့ NUG, CRPH ကိုယ်စားလှယ်များတက်ရောက်

အမေရိကန်၌ကျင်းပသော ဒီပါဝလီပွဲတော်သို့ NUG, CRPH ကိုယ်စားလှယ်များတက်ရောက်

နိုဝင်ဘာ- ၁၃

နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ကျရောက်သော ဟိန္ဒူဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဒီပါဝလီပွဲတော်ကို အမေရိကန်နိုင်ငံ၌ ပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါပွဲ၌ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက နွေဦးတော်လှန်ရေးတွင် ဘာသာပေါင်းစုံနှင့် လူနည်းစုများ၏ ပါဝင်မှုအခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် ဆက်လက် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းလိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရာတွင်လည်း လူနည်းစု၏ တန်းတူအခွင့်အရေး ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ဆောင်ရွက်နေပါကြောင်း နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။