ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂထံ “ပရာ့ဂ်ပန်ကြားချက်” ပေးပို့
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် မြန်မာနိုင်ငံအခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်ရှိ ပကတိအမှန်တရားများကို သိရှိနားလည်စေရန်နှင့် နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အပံ့ဖြစ်စေရန်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ ကျွန်ုပ်တို့၏မိတ်ဆွေများထံသို့ ဤ “ပရာ့ဂ်ပန်ကြားချက်”ကို ထုတ်ပြန်တောင်းဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေး အင်အားစုကိုယ်စားလှယ်များပါဝင်သော ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ပရာ့ဂ် မြို့တွင်ကျင်းပသည့် Forum 2000 ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ပရာ့ဂ်မြို့ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးဒေါ်ဇင်မာအောင်မှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များနှင့် ဥရောပသမဂ္ဂသို့ “ပရာ့ဂ်ပန်ကြားချက်” ကိုပေးအပ်ခဲ့ပါသည်။
ပရာ့ဂ်ပန်ကြားချက် (၁၀) ချက်အနက် ပထမဆုံး တောင်းဆိုချက် နံပါတ်(၁)မှာ -မြန်မာပြည်သူလူထု၏ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်မည့် ဆုံးဖြတ်ချက်ကိုလေးစားရန်နှင့် အကြမ်းဖက်စစ်အာဏာရှင်တို့၏ ခေါင်းမာမှုကို အကျိုးဖြစ်စေမည့် ကိုယ့်သဘောနှင့်ကိုယ် ကြားဝင်စေ့စပ်ညှိနှိုင်းဆွေးနွေး မှုများကို မပြုလုပ်ကြရန်ဖြစ်သည်။
ပရာ့ဂ်ပန်ကြားချက် အပြည့်အစုံဖတ်ရှုရန်
Related Content


