သြစတျေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပသည့် The Way ရုပ်ရှင်ပြသပွဲသို့ ပြည်ထောင်စု ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

သြစတျေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပသည့် The Way ရုပ်ရှင်ပြသပွဲသို့ ပြည်ထောင်စု ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

အောက်တိုဘာ – ၈
အောက်တိုဘာ (၈)ရက် နေ့တွင် သြစတျေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ဒါရိုက်တာ၊ အဆိုတော် လင်းလင်းရိုက်ကူးထားသည့် The Way ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ရာ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ “ တော်လှန်ရေးမှာ အခုလို အနုပညာရှင်တွေ ပါဝင်ပြီး ပြည်သူနဲ့ တစ်သားတည်းရပ်တည်ကာ တတ်နိုင်တဲ့ အနုပညာနဲ့ ပါဝင်ပံ့ပိုးပြီး တော်လှန်ရေးမှာပါဝင်ပေးနေကြတာကို အရမ်းကို လေးစားပါတယ်။ အများကြီးလည်း အားအင်ဖြစ်ရပါတယ်။ ဒီအနုပညာရှင်တွေက ပြည်သူတွေအားပေးရတဲ့ အနုပညာရှင်ဖြစ်ရုံမက ပြည်သူတွေလေးစားချစ်ခင်ရတဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး ၃ နှစ်တာကာလမှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ခံစစ်အနေနဲ့ရှိနေရာမှာ ၂၀၂၂ ခုနှစ်မှာ ပြောက်ကျားစစ်အသွင်တဆင့်တက်လုပ်ဆောင်နိုင်ခဲ့ပြီး၊ အခု၂၀၂၃ ခုနှစ်မှာတော့ ထိုးစစ်အသွင်အဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းဟာ ပြည်တွင်းပြည်ပက ပြည်သူလူထုဟန်ချက်ညီညီ ပူးပေါင်းပါဝင်မှုကြောင့် တဆင့်ပြီးတဆင့်တိုးတက်လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် ကျွန်တော်တို့တွေအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ ဆက်လက်ပြီးတော့လည်း တော်လှန်ရေးအောင်သည်အထိ ပြည်တွင်းပြည်ပ မိဘပြည်သူတွေက ဆက်လက်ဝန်းရံအားပေးထောက်ပံ့ပေးကြပါလို့လည်းတိုက်တွန်းလိုပါတယ်။” ဟု တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။