(၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် လူထုတွေ့ဆုံပွဲ သို့ပြည်ထောင်စုဒုတိယဝန်ကြီး ၊ဦးအောင်ကျော်မိုး တက်ရောက်

(၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် လူထုတွေ့ဆုံပွဲ သို့ပြည်ထောင်စုဒုတိယဝန်ကြီး ၊ဦးအောင်ကျော်မိုး တက်ရောက်

အမေရိကန် ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပသော (၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် လူထုတွေ့ဆုံပွဲ သို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဒုတိယဝန်ကြီး ၊ဦးအောင်ကျော်မိုးသည် ၁၉.၇.၂၀၂၃ ခုနှစ်(ဒေသစံတော်ချိန်နေ့ရက်)တွင် တက်ရောက်ခဲ့ပြီးအမှာစကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုမရှိသလောက်နည်းပါးသည့်ကြားက နွေဦးတော်လှန် ရေးကို ရက်ပေါင်း ၉၀၀ ကျော်အထိ အရှိန်အဟုန် မပျက် ခရီးဆက်နိုင်ခြင်းက ပြည်တွင်း ပြည်ပက မြန်မာပြည်သူများရဲ့တစိုက်မတ်မတ် ကူညီထောက်ပံ့မှုကြောင့်သာဖြစ်ကြောင်းနှင့် တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို အင်တိုက်အားတိုက်ပါဝင်ကူညီပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်များရဲ့ အမျှော်အမြင်ကြီးသည့် ခေါင်းဆောင်မှုထဲမှာ လွတ်လပ် ရေးရယူရေးနှင့် တိုင်းပြည်တည်ဆောက်ရေး မတူကွဲပြားခြင်းနှင့် အားလုံးပါဝင်မှုကို အလေးထားခဲ့သည်ကို တွေ့ရှိရကြောင်း၊ နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာလည်းပဲ အာဇာနည်ခေါင်းဆောင်ကြီးများ ထားခဲ့သည့်အစဉ်အလာကို ထိန်းသိမ်းနိုင်မှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် စစ်အာဏာရှင်များက ပြည်သူတွေအပေါ် နေ့စဉ်အမျှ ကျူးလွန်လျက်ရှိသော ရက်စက်ပြီး လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အချိန်နဲ့ တပြေးညီ မှတ်တမ်းတင်ကာ နိုင်ငံတကာတရားစီရင်မှုစနစ်အောက်ထဲကနေအမိန့်ပေးသူ၊ စေခိုင်းသူ ၊ ဆောင်ရွက်သူအဆင့်ဆင့်ထိုက်တန်စွာ အပြစ်ပေးအရေးယူဖို့ ဆောင်နေကြောင်း စသည့် အချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယပြည်ထောင်စုဝန်ကြီး၊ဦးမင်းဇော်ဦးတို့လည်း တက်ရောက်ခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။