ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အီတလီနိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ၏ Deputy Director General နှင့် တွေ့ဆုံဆွေးနွေး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သည် အီတလီနိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ၏ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Alessandra Schiavo ၊ ITALIA-BIRMANIA.INSIEME ၏ ဥက္ကဌ ဖြစ်သူ Enzo Scotti ၊ Cecilia Brighi တို့နှင့် ၁၉.၆.၂၀၂၃ ရက်နေ့တွင် အီတလီနိုင်ငံ ၊ ရောမမြို့ရှိ နိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး အောက်ဖော်ပြပါ အချက် (၃)ချက်ကို ဆွေးနွေးခဲ့ကြပါသည်။
- ပိုမိုထိရောက်မှုရှိသော စီးပွါးရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေး နှင့် အကြမ်းဖက်စစ်အုပ်စုထံ စီး၀င်နေသော ငွေကြေးစီးဆင်းမှု လမ်းကြောင်းများ တားဆီးဆောင်ရွက်နိုင်ရေး
- စစ်လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများ ဖြတ်တောက် တားဆီးနိုင်ရေး
- ပြစ်ဒဏ်ကင်းလွတ်နေမှုအပေါ် ရပ်တန့်ကာ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး တို့ကိုဆွေးနွေးခဲ့ပြီး ထပ်လောင်းအနေဖြင့် NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေးကူညီပေးရန် ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ကူညီပေးရန် ၊ အနာဂတ်ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးလုပ်ငန်းစဥ်များတွင် လိုအပ်သော နည်းပညာအကူအညီ နှင့် ပညာတော်သင်အစီအစဥ်များ တိုးမြှင့်ဆောင်ရွက်ပေးရန် စသည်တို့ကို တောင်းဆိုခဲ့ပြီး ရှေ့ဆက်ကာ ပိုမိုထိတွေ့ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရေး လုပ်ငန်း စဥ်များကို ဆွေးနွေးခဲ့ကြသည် ။
Related Content


