ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံတွင် ကမ္ဘာလွှမ်းခြုံတရားစီရင်မှု အနေဖြင့်အကြမ်းဖက်စစ်အုပ်စုအား စွဲဆိုနိုင်ရေးအတွက် ဥပဒေပညာရှင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၉.၅.၂၀၂၄ ရက်နေ့တွင် နယူးဇီလန်နိုင်ငံရှိ ကမ္ဘာလွှမ်းခြုံတရားစီရင်မှု (UJ) နှင့် စပ်လျဉ်း၍ ကျွမ်းကျင် ဥပဒေပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံတွင် တရားရင်ဆိုင်နေရသည့် ICJနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ICC သို့အမှုလွှဲပြောင်း စွဲဆိုနိုင်ရေးအတွက်လည်းကောင်း ဆွေးနွေးမှုများ၊ နယူးဇီလန်နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုကျုးလွန်မှုများအား Universal Jurisdiction အရ အရေးယူဆောင်ရွက်နိုင်ရေးအခြေအနေများ နှင့် ပတ်သက်၍ အဆိုပါ ဥပဒေပညာရှင်များထံမှ အကြံပြုချက်ရယူ၍ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို့ပြင် UJ တရားစီရင်ရေးစနစ်ဖြင့် နယူးဇီလန်နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအား တရားဆွဲဆိုနိုင်ရေးအတွက် အမှုများကို မည်ကဲ့သို့သော ပုံစံမျိုးဖြင့် ဆောင်ရွက်သင့်သည့်နည်းလမ်းများနှင့် ပြင်ဆင်ထားသင့်သည့် အချက်အလက်များ နှင့် စပ်လျဉ်း၍ အကြံပြုချက်များ တောင်းခံခဲ့ရာ၎င်းတို့အနေဖြင့် လိုအပ်သည့် အကြံပြုချက်များ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးခဲ့သည့် ဥပဒေပညာရှင်များတွင် နယူးဇီလန်ဝန်ကြီးချုပ်(ဟောင်း) ဖြစ်သူ Sir Geoffrey Palmer နှင့် ICJ တွင် တာဝန်ထမ်းဆောင်ခဲ့သည် တရားသူကြီးချုပ်(ဟောင်း) ဖြစ်သူ Sir Kenneth Keith တို့်လည်း ပါဝင်ခဲ့သည်။
Related Content