ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

U Aung Kyaw Moe - MOHR Deputy Minister
ဒုဝန်ကြီး၏ ကိုယ်ရေးအကျဉ်း
 
ဦးအောင်ကျော်မိုး သည် လူ့အခွင့်အရေး၊လူသားချင်းစာနာမှု၊ ရိုဟင်ဂျာအရေးဆောင်ရွက်သူတစ်ဦးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနအကြံပေးအဖြစ် ၂၀၂၁ မှစ၍ ၂ နှစ်နီးပါးတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
 
သူသည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှု ဖော်ဆောင်သူတစ်ဦးဖြစ်သည့်အပြင် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၊ထိုင်းနိုင်ငံ၊အာဖကန်နစ်စတန်နိုင်ငံနှင့် လိုက်ဘေးရီယားနိုင်ငံတို့၌ ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အမျိုးမျိုးတွင် ၁၅ နှစ်ကျော်ကြာ အတွေ့အကြုံရှိသူလည်းဖြစ်ပါသည်။ သူ၏ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများကြောင့် ပြင်သစ်အစိုးရဲ့ လူ့အခွင့်အရေးဆု (CNCDH2019) အတွက် ဂုဏ်ပြုဖော်ပြခံခဲ့ရပြီး ဥရောပသမဂ္ဂ ၏ Schuman Award by the European Union in Myanmar (2019) ဆုအပါဝင် နိုင်ငံတကာဆု ၄ ခုလည်းချီးမြှင့် ခံခဲ့ ရပါသည်။
 
ဦးအောင်ကျော်မိုး သည် အမေရိကန်သမ္မတဟောင်း ဂျောဂျ့်ဘုရ်ု့သမ္မတစင်တာ လွတ်လပ်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ Fellowship၊ သမ္မတအိုဘားမားရဲ့ Leaders Asia-Pacific Leaders Fellowship နှင့် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု ဘုန်းတော်ကြီး ဒလိုင်းလားမား Fellowship ကျောင်းဆင်းတစ်ဦးဖြစ်ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။