ပြည်ထောင်စုဝန်ကြီး University of Toronto တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

ပြည်ထောင်စုဝန်ကြီး University of Toronto တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Bahen Center ခန်းမတွင် လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊တိုးတက်မှုများ အား တက်ရောက်လာသူများနှင့် ပွင့်လင်းမြင်သာစွာအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထိုပြင် မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စူထူထောင်နိုင်ရေးအတွက် ကနေဒါနိုင်ငံရှိ မြန်မာပြည်သူ၊ပြည်သားများလုပ်ဆောင်နိုင်သည့်အခန်းကဏ္ဍများကိုလည်းအကြံပြုဆွေးနွေးခဲ့သည်။တွေ့ဆုံပွဲသို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြိုရောက် မြန်မာပြည်သူများနှင့် မြန်မာ့အရေးစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။