ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံတွင် မြန်မာ့အရေးနှင့် အာရှ အရေးစိတ်ပါဝင်စားသူများနှင့် လူထုတွေ့ဆုံပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၈.၅.၂၀၂၄ ရက်နေ့၌ Newzealand Asia Foundation နှင့် Asia Fourm ပူးပေါင်းလုပ်ဆောင်သည့် မြန်မာ့အရေးနှင့် အာရှအရေး စိတ်ပါဝင်စားသူများနှင့် လူထုတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒီမိုကရေစီအရေးနှင့် အသွင်ကူးပြောင်းရေးကာလ၊ အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ထောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြား၍ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဆက်လက်လုပ်ဆောင်သင့်သည့် အကြံဉာဏ်များကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအရေးကို စိတ်ပါဝင်စားသည့် နိုင်ငံရေး၊ ဥပဒေရေးရာ၊စီးပွားရေးရာ ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
Related Content