လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Auckland ရှိမြန်မာလူထုနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် မေလ (၄)ရက် ၊၂၀၂၄ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊Auckland မြို့ရှိ မြန်မာပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲသို့ Auckland မြို့ရှိတိုင်းရင်းသားအင်အားစုများအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးကိုအားပေးထောက်ခံသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
Related Content


