ချင်းပြည်နယ် စစ်ဘေးရှောင်စခန်းများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲပြုလုပ်
ဇူလိုင် – ၃၀
သြစတျေးလျနိုင်ငံရှိ NUG/CRPH Support Group နှင့် ချင်းလူမျိုးများမှ ဦးဆောင်ပြုလုပ်သည့် ချင်းပြည်နယ် စစ်ဘေးရှောင်စခန်းများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲနှင့် စျေးရောင်းပွဲကို သြစတေးလျနိုင်ငံ၊ မဲဘုန်းမြို့၌ ဇူလိုင်(၃၀)ရက် တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရန်ပုံငွေ ဂီတဖျော်ဖြေပွဲအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ “အခုလို NUG/CRPH Support Group နှင့် Chin communityတို့မှ ချင်းပြည်နယ် စစ်ဘေးရှောင်စခန်းများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲနှင့် စျေးရောင်းပွဲကို ကျင်းပပြုလုပ်သည့်အတွက် အထူးပင်အားရကျေနပ်မိပါကြောင်း၊ အခုလို တော်လှန်ရေးမှာ အားလုံးစုပေါင်းညီညွတ်မှုဖြင့် ရှေ့ဆက်ကြရန်လိုအပ်ပါကြောင်း၊ NUG/CRPH Support Group မှ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် တစ်ခုချင်းစီအတွက် ယခုလိုလုပ်ဆောင်ပေးရန်ရှိပါကြောင်း၊ တော်လှန်ရေးက အချိန်ကြာလာတာနဲ့အမျှ တိုးတက်မှုတွေ ရှိပါကြောင်း၊ ဒီတိုးတက်မှုရှိခြင်းကလည်း နိုင်ငံတကာမှာရောက်ရှိနေတဲ့ မြန်မာပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး၏ စည်းလုံးညီညွတ်မှုကြောင့်ဖြစ်ပါကြောင်း၊ ဒါကြောင့် ဆက်လက်ပြီးတော့ ဝန်းရံအားပေးကြဖို့နဲ့ ဒီနေ့အခမ်းအနားကို NUG/CRPH Support Group နှင့် Chin communityတို့မှ ပြုလုပ်တယ်ဆိုပေမယ့် အခြားတိုင်းရင်းသားလူမျိုးများဖြစ်တဲ့ ကချင်၊ ကရင်နီ၊ မွန်နဲ့ အခြား communityနဲ့ အခြားအဖွဲ့အစည်းများ တို့မှလည်း ဝန်းရံအားပေးကြတဲ့အတွက် အရမ်းပဲအားရ ကျေနပ်မိပါကြောင်း” အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။
အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဩစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ဦးထွန်းအောင်ရွှေ၊ NUG/CRPH Support Group မှ ကိုယ်စားလှယ်များ၊ ခရစ်စတိုဖာလင်း၊ Myanmar Charity Queen Mrs Sophia၊ မြန်မာပြည်ဖွားတိုင်းရင်းသား အဖွဲ့အစည်းများ တက်ရောက်အားပေးခဲ့ကြသည်။
Related Content


