ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျ ကွင်းစလန်းပြည်နယ် ဘရစ်ဘိန်းမြို့ရှိ သက်ဆိုင်ရာ မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲသို့

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျ ကွင်းစလန်းပြည်နယ် ဘရစ်ဘိန်းမြို့ရှိ သက်ဆိုင်ရာ မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယပြည်ထောင်စုဝန်ကြီး ဦးခွန်းဗဟန်းထန်တို့သည့် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် Queensland ပြည်နယ်ရှိ CRPH/NUG Support Group (Queensland) ၏ ကိုယ်စားလှယ်များ၊ Chin Community Council, Queensland (CCCQ) ၏ ဥက္ကဌ၊ Australian Karen Organisation (Queensland Chapter) ၏ ဥက္ကဌ၊ Karenni Organisation Queensland ၏ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ Rohingya Community Queensland ၏ ဥက္ကဌနှင့် အတွင်းရေးမှုးများ၊ Queensland Myanmar Youth Community (QMYC) ၏ လူငယ်ကိုယ်စားလှယ်တို့အပြင် မြို့မိမြို့ဖများနှင့် တံခါးပိတ် ဆွေးနွေးပွဲ တခုကို ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေး အခင်းအကျင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများ၊ ရပ်တည်ချက်နှင့် လူ့အခွင့်အရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အမြင်ခြင်း ဖလှယ်ခြင်း၊ သိလိုသည်များကို ပြည့်စုံစွာ ရှင်းပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။