သြစတေးလျနိုင်ငံမဲလ်ဘုန်းမြို့၌ကျင်းပသော ရန်ပုံငွေစျေးရောင်းပွဲ၌ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် မိန့်ခွန်းပြောကြား
၅ – မတ် -၂၀၂၃
သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ဝန်ဒန်ဗေးလ်၌ မတ်လ ၄ ရက်(စနေနေ့)တွင် ကျင်းပသော “မြို့ပြပြောက်ကျား” လဟာပြင်ရုပ်ရှင်ရုံအထူးပွဲ ရန်ပုံငွေစျေးရောင်းပွဲ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ အဖွင့်အမှာစကားပြောကြားရာတွင် စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့၊ လူ့အခွင့်အရေးပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်ဖို့ဆိုတဲ့နေရာမှာ UG နဲ့မြို့ပြပြောက်ကျားရဲ့အခန်းကဏ္ဍဟာအရေးကြီးလှပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာကြည့်မယ်ဆိုရင် အမေရိကန်လိုနိုင်ငံကြီးမျိုးမှာ အိုစမာဘင်လာဒင်ကို ဖမ်းဆီးခဲ့တဲ့နေရာမှာ စစ်တပ်အင်အားတစ်ခုထဲနဲ့မဟုတ်ပဲ ဒီနေရာမှာ မြေအောက်သတင်းရယူနိုင်ရေးအဖွဲ့နဲ့ မြို့ပြပြောက်ကျားတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးသလဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။
နောက်တချက်ကတော့ ကျွန်တော်တို့ဖြတ်သန်းရင်ဆိုင်နေရတဲ့ ဒီတော်လှန်ရေးဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ချပြနိုင်တဲ့ အနုပညာအရည်အသွေးတွေနဲ့ တော်လှန်ရေးနဲ့အနုပညာ၊ အနုပညာနဲ့တော်လှန်ရေးဟာ ခွဲခြားလို့မရပဲ ပူးတွဲပါဝင်နေတယ်ဆိုတာ ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။
သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ငိုကြွေးသံကို စာနာစိတ်နဲ့ ပံ့ပိုးကူညီကြရင်းနဲ့ စစ်မှန်ပြည့်ဝတဲ့၊ လူ့အခွင့်အရေးကို အခြေတည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ကျွန်တော်တို့အတူကြိုးစားကြရအောင်လို့ တိုက်တွန်းလိုက်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဒုတိယဝန်ကြီးသည် တော်လှန်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

Related Content


