လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာသင်ရိုးရေးဆွဲရေး ညှိနှိုင်းဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့သည် လူ့အခွင့်အရေးဆိုင်ရာသင်ရိုးရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။
အစည်းအဝေးသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်နှင့် ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လူ့အခွင့်အရေးသင်ရိုးရေးဆွဲရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးကြပြီး လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးတွဲပါဝင်သော လူ့အခွင့်အရေးဆိုင်ရာ သင်ရိုးရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
