“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း” ဆွေးနွေးပွဲစကားဝိုင်းသို့ NUG ဝန်ကြီးများ တက်ရောက်ဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ၀န်ကြီး ဦးအောင်မျိုးမင်းနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်အိသဥ္ဇာမောင်တို့သည် Free Burma Task Force (USA) က ကြီးမှူးကျင်းပသည့် ဆွေးနွေးစကား၀ိုင်းသို့ တက်ရောက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲစကားဝိုင်းကို မေလ (၃၀) ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတကာမှ မြန်မာ့အရေးစိတ်ဝင်စားသော လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း”ဆိုသည့် ခေါင်းစဥ်နှင့်အညီ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးအခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းပြဆွေးနွေးခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များ၊ ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင် လုပ်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ တချိန်တည်းမှာပင် ဒီမိုကရေစီ အင်အားစုဘက် ကူးပြောင်းလာကြသည့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူ့အခွင့်အရေးကို လေးစားကာကွယ်အောင် လုပ်ဆောင်သင့်သည့် အစီအစဉ်များနှင့် အနာဂါတ် မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များက အာဏာသိမ်းခြင်း၊ လက်နက်ပြ၍ မတရား ကျူးလွန်ခြင်းများ မဖြစ်အောင် မည်ကဲ့သို့ ကာကွယ်တားဆီးကြမည် စသည့်အကြောင်းအရာများကို အဓိက မေးမြန်းဆွေးနွေးခဲ့ကြသည်။ သက်ဆိုင်ရာ NUG ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှလည်း ပြန်လည်ဖြေကြားခဲ့ကြပါသည်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
