ကောလင်းခရိုင်၊ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာအား အကြမ်းဖက်မီးရှို့ခံရသည့်ဖြစ်စဉ်

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာအား အကြမ်းဖက်မီးရှို့ခံရသည့်ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၀)လက်အောက်ရှိ ကလေးမြို့အခြေစိုက်တပ်များဖြစ်သည့် ခမရ-၃၆၁၊ ခမရ- ၃၆၃ နှင့် ဟုမ္မလင်းအခြေစိုက် ၃၆၉ တို့မှ အကြမ်းဖက်စစ်သားများ၏ အကြမ်းဖက်မီးရှို့ဖျက်စီးမှုကြောင့် ကျေးရွာ(၅) ရွာရှိ အိမ်ခြေပေါင်း (၂၂၁) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ပြင် ကျေးရွာ (၂)ရွာရှိ ရွာသားစုစုပေါင်း (၆) ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုဖြစ်စဥ်

Read More »