စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ဒီပဲယင်းကွဲကျေးရွာ အတွင်း ဆရာတော် (၁) ဦးအပါအဝင် (၄)ဦး သတ်ဖြတ်ခံရပြီး နေအိမ်များ မီးရှို့ခံရသည့်ဖြစ်စဉ်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ဒီပဲယင်းကွဲကျေးရွာ အတွင်း ဆရာတော် (၁) ဦးအပါအဝင် (၄)ဦး သတ်ဖြတ်ခံရပြီး နေအိမ်များ မီးရှို့ခံရသည့်ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

(ဇန်နဝါရီလ (၆)ရက် ၂၀၂၃ ခုနှစ် တွင် ဖြစ်ပွါးခဲ့သည်)
 
အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၃၃) နှင့်ကြွယ်ပုံကျေးရွာဒေသခံ ပျုစောထီး များ၏ အကြမ်းဖက်မှူကြောင့် အရှင် ဂန္ဓသာရ အပါအဝင် ပြည်သူ(၄)ဦး မတရားသဖြင့် သေဆုံးခဲ့ရပြီး နေအိမ် (၉၁) လုံးနှင့် ဘာသာရေး ဆိုင်ရာ ကျောင်းဆောင် တဆောင် ပျက်စီးခဲ့ရပါသည်။
 
ထိုသို့ အကြမ်းဖက် စစ်အုပ်စု၏ သတ်ဖြတ်ခြင်းကြောင့် ပျံလွန်တော်မူရရှာသော ဆရာတော်သည် ဝါတော် (၂၂)ဝါရှိသည့် သီတဂူ နာယက (၁၀)ပါးစာရင်းဝင် ဆရာတော်တပါးဖြစ်ကြောင်းသိရှိပါသည်။
 
အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင်လေ့လာနိုင်ပါသည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုဖြစ်စဥ်

Read More »