ပြင်သစ်နိုင်ငံ ပါရီမြို့ square ferdinand brunot ပန်းခြံ၌ ကျင်းပသည့် မြန်မာ့နွေဦး နှစ်ပတ်လည်နေ့အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးတက်ရောက်

ပြင်သစ်နိုင်ငံ ပါရီမြို့ square ferdinand brunot ပန်းခြံ၌ ကျင်းပသည့် မြန်မာ့နွေဦး နှစ်ပတ်လည်နေ့အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးတက်ရောက်

ဖေဖော်ဝါရီ (၁) ရက် ၊၂၀၂၃ ခုနှစ်
 
ပြင်သစ်နိုင်ငံ ပါရီမြို့ square ferdinand brunot ပန်းခြံရှေ့၌ ကျင်းပခဲ့သော မြန်မာ့နွေဦး နှစ်ပတ်လည်နေ့အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ Mr.Jean-Luc Romero-Michel – Deputy Mayor of Paris၊ Carine Petit – Mayor of 14th district of Paris Jane Birkin – ပြင်သစ်နိုင်ငံ အဆိုတော်နှင့်မင်းသမီးကြီး တို့နဲ့အတူ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
 
ထို့နောက် Deputy Mayor – Mr. Jean-Luc Romero-Michel နှင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးရာတွင် Mr. Jean ၏ ပြောကြားချက်မှာ “ ပါရီမြို့တွင်ရှိသော အကြမ်းဖက်စစ်အုပ်စု လက်ဝေခံသံရုံးက NUGအား terrorists အဖွဲ့အစည်းဟုသုံး၍ မဆက်သွယ်ရန် အကြောင်းကြားထားကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် တတ်နိုင်သမျှ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ ဆက်လက်ဆက်သွယ်‌ကူညီပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
 
ထို့အတူ ပြင်သစ်မင်းသမီးကြီး Jane Birkin ကလည်း မြန်မာနိုင်ငံ၏အရေးအား လစ်လှူမရှုထားပါကြောင်းနှင့် ၎င်းအနေနှင့်လည်း ပြင်သစ် media များမှ မြန်မာနိုင်ငံအရေးကို ပိုမို အရေးပေးဖော်ပြရန် လှုံဆော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
အဆိုပါ အခမ်းအနားသို့ ပြင်သစ်ရောက် မြန်မာအနုပညာရှင်တစ်ချို့တက်ရောက်၍ ကဗျာဆရာခက်သီ နှင့် ဆရာကေဇင်လတ်တို့၏ တော်လှန်ရေးကဗျာများ ဖတ်ကြားခြင်း၊ပြင်သစ်လူငယ်အနုပညာရှင်များကလည်း အကများဖြင့် မြန်မာနိုင်ငံအရေးကို ပုံဖော်ပြသခြင်း တို့ တင်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
 

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။